Monday, May 4, 2009

ထားဝယ်မြို.အကြောင်း တစေ့တစောင်း

ထိုပို.စ်လေးကိုမရေးခင် ကျွန်တော့်အကြောင်းအနည်းငယ်တင်ပြပါမည်....ကျွန်တော်သည်ထားဝယ်သား တယောက်ဖြစ်သည်။ထားဝယ်ကို လွန်စွာစွဲလမ်းကြီးသူ / ဒေသစွဲကြီးသူတယောက်ဖြစ်ကြောင်းဝန်ခံပါသည်။ထို ထိုသောကြောင်းကြောင်းများကြောင့်ထားဝယ်နှင့်ဝေးကွာနေခဲ့သော်လည်း ထားဝယ်မြို.အကြောင်းကိုအမြဲ တမ်းနားစွင့်နေခဲ့သည်..
ထားဝယ်မြို.သည်လျှင်မြန်စွာ မတိုးတက်သော်လည်း ထိုက်သင့်သလောက်တိုးတက်မှုများစွာရှိနေခဲ့ပြီဖြစ် သည်။ ၂၄နာရီလျှပ်စစ်မီးရရှိနေခြင်း၊ လမ်းပန်းဆက်သွယ်ရေးကောင်းမွန်နေခြင်း ၊ ဖုန်းလိုင်းများကောင်းမွန်နေ ခြင်း၊ ဘာသာရေးရှုထောင့်မှ ကြည့်မည်ဆိုလျှင်လည်း တရားစခန်းများတိုးတက်ကောင်းမွန်နေခြင်း ၊ ဘာသာ ရေးစိတ်ဓါတ်ရှိသော လူငယ်များဦးဆောင်၍ တရားပွဲများ ဆွမ်းလောင်းပွဲများ ကျင်းပနေကြောင်း ကြားသိရပါသည်။ထိုသတင်းစကားများသည် ကောင်းသောသတင်းများ ဖြစ်သည်ဟုခံယူမိပါသည်....

No comments:

Post a Comment