Monday, November 30, 2009

နှစ်တရာပြည့် ထားဝယ်တန်ဆောင်တိုင် ပွဲတော်













နှစ်တရာပြည့် ထားဝယ်တန်ဆောင်တိုင် ပွဲတော်တွင် အနောက်ရပ်ကွက်မှ ရပ်ကွက်သူ/သား များကလည်း ဤသို. တမူထူးခြားစွာ ဘုရားပင့်ဆောင်ခဲ့ပါတယ်..။


နှစ်တရာပြည့် ထားဝယ်တန်ဆောင်တိုင် ပွဲတော်
















နှစ်တရာပြည့် ထားဝယ်တန်ဆောင်တိုင် ပွဲတော်
















နှစ်တရာပြည့် ထားဝယ်တန်ဆောင်တိုင် ပွဲတော်













နှစ်တရာပြည့် ထားဝယ်တန်ဆောင်တိုင် ပွဲတော်မှပုံတချို.ပါ..။အဝေးရောက် ထားဝယ်သူ/
ထားဝယ်သားတွေ အလွမ်းဖြေနိုင်အောင် တင်ပေးလိုက်ပါတယ်...။


Monday, November 23, 2009

ဆဌမအကြိမ်မြောက် ထားဝယ်မိသားစု ပရဟိတအလှူမှ မှတ်တမ်းပုံများ








ဆဌမအကြိမ်မြောက် အမေရိကန်ရောက် ထားဝယ်မိသားစု ပရဟိတအလှူ မှ မှတ်တမ်းတင် ပုံတွေပါ..။



ဆဌမအကြိမ်မြောက် ထားဝယ်မိသားစု ပရဟိတအလှူမှ မှတ်တမ်းပုံများ











ဆဌမအကြိမ်မြောက် အမေရိကန်ရောက် ထားဝယ်မိသားစုအလှူကို နိုဝင်ဘာလ ၅ရက် ကြာသပတေးနေ. မနက်ပိုင်းတွင် ရတနာမာန်အောင်သီလရှင် စာသင်တိုက်တွင် ပင့်သံဃာ များနှင့် သီလရှင်များအား နေ.ဆွမ်းလှူဒါန်းပြီး နေ.လည်ပိုင်းမှ စတင်ကာ ပရဟိတဘုန်ကြီးပညာသင် ကျောင်းငါးကျောင်းအပါအ၀င် ဗုဒွ့ဘာသာနှင့် သက်ဆိုင်သော နှစ်စဉ်လှူမြဲ နေရာများတွင် အလှူငွေများကို သွားရောက်လှူဒါန်းခဲ့ ပါသည်။
ယခုနှစ်မှာတော့ ထားဝယ်တွင် ဆောက်လုပ်ဆဲဖြစ်သော ဇီဝိတဒါန မျက်စိ ဆေးရုံ အတွက်ပါလှူဒါန်း နိုင်ခဲ့ပါသည်။

ဆဌမအကြိမ်မြောက် ထားဝယ်မိသားစု ပရဟိတအလှူ မှမှတ်တမ်းပုံများ
















ဆဌမအကြိမ်မြောက် အမေရိကန်ရောက် ထားဝယ်မိသားစု ပရဟိတအလှူ မှပုံရိပ်တချို.ပါ...။




Wednesday, November 18, 2009

ငါးခုံးမရုပ်နှင့် မိုးခေါ်ဖားစည်



ရှင်ဇော နှင့် ရှင်ဇံ အားမွေးဖွားပေးခဲ့သည့် ငါးခုံးမဟုအယူရှိခဲ့သော ရွှေချ ငါးခုံးမရုပ်ထုနှင့် ထားဝယ်ရိုးရာ မိုးခေါ်ပွဲကျင်းပရာတွင် တီးခတ်သော ရှေးဟောင်းဖားစည် ပါ..။

Saturday, November 7, 2009

innocent face


innocent face လို.ပဲရိုးရှင်းစွာအမည်ပေးလိုက်တယ်..။ Retouch ပြန်လုပ်ထားတဲ့ပုံလေးတပုံပါ..။

Friday, November 6, 2009

ဆဌမအကြိမ်မြောက် ပရဟိတအလှူ

ဆဌမအကြိမ်မြောက် အမေရိကန်ရောက် ထားဝယ်မိသားစုအလှူကို နိုဝင်ဘာလ ၅ရက် ကြာသပတေးနေ. မနက်ပိုင်းတွင် ရတနာမာန်အောင်သီလရှင် စာသင်တိုက်တွင် ပင့်သံဃာ များနှင့် သီလရှင်များအား နေ.ဆွမ်းလှူဒါန်းပြီး နေ.လည်ပိုင်းမှ စတင်ကာ ပရဟိတဘုန်ကြီးပညာသင် ကျောင်းငါးကျောင်းအပါအ၀င် ဗုဒွ့ဘာသာနှင့် သက်ဆိုင်သော နှစ်စဉ်လှူမြဲ နေရာများတွင် အလှူငွေများကို သွားရောက်လှူဒါန်းခဲ့ ပြီးဖြစ် သည်။ ယခုနှစ်မှာတော့ ထားဝယ်တွင် ဆောက်လုပ်ဆဲဖြစ်သော ဇီဝိတဒါန မျက်စိ ဆေးရုံ အတွက်ပါလှူဒါန်း နိုင်ခဲ့ပါသည်။ ယခုနှစ် အတွက်လှူဒါန်းငွေ စုစုပေါင်းမှာ မြန်မာကျပ် နှစ်ဆယ့်တစ်သိန်းရှစ်သောင်း (၂၁၈၀၀၀၀)
ဖြစ်ပါသည်။ နောင်လာမည့်နှစ်တွင်လည်း ယခုထက် ပိုလှူဒါန်းနိုင်ရန် မျှော်လင့်ပါသည်...။

Friday, October 23, 2009

sparrow


ဒီပုံလေးလဲ newyork မှာရိုက်ခဲ့တဲ့ ပုံပါပဲ...။

statue man


newyork , wall street ပေါ်မှ ကျွမ်းကျင်ရာနည်းမျိုးစုံဖြင့် ငွေရှာကြ သူများ...

Thursday, October 22, 2009

canon man


ကျော်မြတ်ဝင်းပါ.. သူ.နဲ.ကျွန်တော်နဲ.နယူးယောက်တွင် ဓါတ်ပုံလျှောက်ရိုက်ရင်း သူ.ပုံကို ပြန်ရိုက်ပေးထားတာပါ..။

kyaw m win in shooting action


newyork မှ ဘော်ဒါကြီးကျော်မြတ်ဝင်းပါ....

Friday, September 18, 2009

အမှတ်တရ သီတင်းကျွတ်

သီတင်းကျွတ်တော့မည်...ဒီအချိန်သည် ထားဝယ်တွင် အစည်ကားဆုံး ကာလတခုဆိုလျှင်မမှားပေ..။ ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ ထားဝယ်မြို.ခံလူထုတို.သည် အလှူအတန်းရက်ရောကြသည်..။ စည်ကားလှတဲ့ အလှူပွဲများကို သီတင်းကျွတ်လပြည့်နေ.မှစကာ ဘုန်ကြီးကျောင်းများအနှံ. တွေမြင်နိုင်သည်.။
ငယ်ငယ်တုန်းက သီတင်းကျွတ်မီးထွန်းပွဲ သုံးရက်လုံးလုံး စက်ဘီးတွင် မီးဆင်ကာ သူငယ်ချင်းများနှင့် ထားဝယ်
မြို.အနှံ.လျှောက်လည် ခဲ့တာလေးတွေကိုပြန်လည် သတိရမိတယ်..။ မေ့မရနိုင်တဲ့ ကလေး ဘ၀ကပုံရိပ်တချို.ပါ..။ အခုအချိန်မှာဒါတွေပြန်မရနိုင်တော့ပါ..။အရွယ်လေးရောက်လာပြန်တော့လည်း ထုံးစံအတိုင်း အပေါင်းအသင်းတွေနဲ.ဆိုင်ကယ်တ၀ီဝီနဲ.ပေါ့..။ အခုတော့ သပိတ်မျှောပွဲကြီးနဲ.လည်းလွဲခဲ့ရတဲ့နှစ်တွေကမနည်းတော့..။ တန်ဆောင်တိုင်ပွဲနဲ.လည်း အခါခါလွဲခဲ့ရတာမနည်းတော့..တနှစ်နှစ်တော့ ကြုံလိမ့် အုံးမည် ထင်ပါသည်..။ထားဝယ်မြို.မှ သီတင်းကျွတ် မီးထွန်းပွဲကို လည်းလွမ်းတယ်..
ဆွမ်းတော်ကြီးတင်ပွဲတွေကိုလည်း သတိရတယ်.... သပိတ်မျှောပွဲကြီးကိုလည်း ပြေးမြင်ယောင်တယ်.....

Saturday, September 12, 2009

ရွှေတောင်စားစေတီတော် (ထားဝယ်)


ရွှေတောင်စားစေတီတော် အား ပြုပြင်မွန်းမံမှုတွေ ပြုလုပ်နေပါတယ်...။နောက်လည်း ပြုပြင်မွန်းမံမှုတွေ အများကြီးလုပ်ဖို. လိုအပ်နေပါတယ်...။

Thursday, September 10, 2009

ထားဝယ်တန်ဆောင်တိုင်ပွဲတော် ( နှစ်ကျိပ်ရှစ်ဆူ )

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ယခုနှစ်တွင် တမူထူးခြားစွာကျင်းပပြုလုပ်မည်ဟုကြားသိရသည်..။ မည်သို.ကျင်းပမည် ဆိုသည်ကိုတော့ ဂေါပကအဖွဲ.ထံမှ တိကျသော သတင်းမရရှိသေးပါ..။ သို.သော် ဘုရားလှည့်အပူဇော်ခံရာလမ်းကြောင်း တချို.ကိုတော့ တိုးချဲ.ထားကြောင်း ကြားသိရကြောင်းပါ...။တိုးချဲ.ထားသော လမ်းများမှာ အနောက်မြို.တွင်းလမ်းနှင့် နိဗ္ပာန်လမ်း တို.ဖြစ်ကြောင်းပါ......။

Tuesday, September 8, 2009

ထားဝယ် မိသားစု အလှူ ( အမေရိကန် )

အမေရိကန်နိုင်ငံ ပြည်နယ် အသီးသီးတွင် အခြေချနေထိုင်ကြသော ကျွန်တော်တို.ထားဝယ်သူ/သားများစုပေါင်းကာ ထားဝယ်ဒေသရှိ ဗုဒ္ဓဘာသာနှင့် ပက်သက်သောနေရာများ/ပရဟိတလုပ်ငန်းများ တွင်မိမိတို.၏ ချွေးနဲစာဖြင့် တတ်အားသမျှ လှူဒါန်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ခြောက်နှစ်ပြည့်ခဲ့ပါပြီ..။ ၂၀၀၄ခုနှစ်မှစတင်ကာ ၀ါသနာတူလူငယ်တစုမှ စတင်ပြီး "အမေရိကန်ရောက်ထားဝယ် မိသားစု" ဟုခေါင်းစဉ်တပ်ကာ လှူဒါန်းခဲ့ပါသည်..။ မကြာခင်အချိန်တွင် ဆဌမအကြိမ်မြောက် လှူဒါန်းရန်အတွက် အလှူငွေများကို ကောက်ခံထားပြီးဖြစ်ပါသည်...။ လှူဒါန်းပြီးငါးကြိမ်တွင် အမေရိကန်ဒေါ်လာ ၈၂၀၀ ကို လိုအပ်နေသော နေရာများတွင် အသီးသီးခွဲဝေကာ လှူဒါန်းခဲ့ပြီးဖြစ်ပါသည်..။ အလှူငွေများထည့်ဝင် လှူဒါန်းထားသော အလှူရှင်များကို နှစ်စဉ်နှစ်တိုင်း ရှင်းတမ်းများကို စာရင်းပြုစု၍ ပေးပို.ပါသည်။အလှူငွေများထည့်ဝင် လှူဒါန်းထားသော အလှူရှင်များကို အထူးကျေှးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါသည်..။

Monday, September 7, 2009

ကန်တော်ကြီး


ရွှေတိဂုံစေတီတော် နှင့် ကန်တော်ကြီးရေပြင်အား ကရ၀ိတ်ဘက်မှ ရိုက်ကူးထားသည်။

Saturday, August 22, 2009

ရွှေတိဂုံ ၂


ရွှေတိဂုံ စေတီတော် ရှိ ကြာမှောက်ကြာလှန် အပိုင်းတနေရာ။

Friday, August 14, 2009

ရွှေတိဂုံ



ရွှေတိဂုံ စေတီတော်အား ကန်တော်ကြီးဘက်မှ ဖူးတွေ.ရစဉ်။ ဒီပုံလည်း မြန်မာပြည်သွားတုန်းက ရိုက်ခဲ့တဲ့ပုံပါ။

Wednesday, August 12, 2009

buddha face

" မျစ်နှာမာ- သံက္လော့စေ့ ပါးတော်န်ခေရင်းကေ့ " ဟူသောကျောင်းသားသူငယ်များ
သံချပ်တဘောင်နဲ.တည်ထားခဲ့ သောထားဝယ်မြို.ရှိ
"လောကသရဖူ လျောင်းတော်မူ "ဘုရားကြီး မျက်နှာတော်ပုံ ။
ထားဝယ်သို.ခဏ အလည်ရောက်တုန်း ကရိုက်ကူးခဲ့ပါတယ်။

Monday, August 10, 2009

ရွှေဝယ်မြေမှာ နှစ်ရက်တာ

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ.က အဲယားမန္တလေးလေကြောင်းလိုင်းဖြင့် ရွှေဝယ်မြေကို အလည်ခဏ ရောက်ခဲ့တယ်။
ခဏမှတကယ့်ကိုခဏပါပဲ။နှစ်ရက်ပဲကြာခဲ့ပါတယ်။ထားဝယ်မြို.ရဲ. သည်းထန်လှတဲ့မိုးကြောင့် ဘယ်နေရာမှစုံလင်အောင် မရောက်ခဲ့ပါ...မောင်းမကန်ခဏသွားဖို. သူငယ်ချင်းတွေနဲ.သေချာချိန်းထားပြီးမှကပ်ကာလွဲခဲ့ရသည်...ရှင်မုတ္ထီးဘုရားနှင့်ရွှေသာလျောင်း ဘုရားလောက်ပဲသွားနိုင်ခဲ့တယ်...ထုံးစံအတိုင်းလ္ဘက်ရည်ဆိုင်ထိုင်ကာ အချိန်ဖြုံးရင်းနဲ.ပဲ နှစ်ရက်တာအချိန်ဟာ ကုန်ဆုံးခဲ့တယ်...။ ဇူလိုင်လ တစ်ရက်နေ.မှာထားဝယ်မြေမှ ထွက်ခွာခဲ့တယ်...လေယဉ်ကွင်းချိန်းက မနက် ကိုးနာရီ... မနက်ပိုင်းလေးပဲခဏတာ နေရတော့မယ်ဆိုတော့ စိတ်ထဲမှာ ၀မ်းနည်းသလိုလို အရာအားလုံးကိုပဲ လွမ်းဆွေးသလိုလို နဲ. စိတ်ထဲမှာမွှန်းကြပ်နေခဲ့တယ်.... ခဏနေတော့ ထားဝယ်ဆန်းဖွား ရုံးခွဲက လေယဉ်အချိန်နောက်ကို နှစ်နာရီရွှေ.ထားကြောင်း ဖုံးဆက်အကြောင်းကြားလာသည်...။ အော်...နောက်နှစ်နာရီလောက် ထားဝယ်မှာဆက်နေရအုံးမှာဘဲ လို.စိတ်ထဲမှာဝမ်းသာသွားတယ်..ဒီအချိန်မှာပဲ သူငယ်ချင်းနှစ်ယောက် လာခေါ်လို. မာကျူရီမှာ ဆက်ထိုင်ဖြစ်တယ်...။ နေ.လည် နှစ်နာရီ ခွဲလောက်မှာ လေယာဉ်က လေဆိပ်မှစတင် ထွက်ခွာခဲ့တယ်... လေယာဉ်ပေါ်စထိုင်လိုက်ကတည်းက စိတ်တွေလွင့်မျောနေခဲ့တယ်....

Sunday, August 9, 2009

စပါးတောင်

ထားဝယ်မြေကို ခဏရောက်ခဲ့စဉ်က ဒီပုံလေးကိုရိုက်ကူးခဲ့တယ်..။ ၀ါဆိုလရဲ.သည်းထန်လွန်းတဲ့ မိုးရေတွေကြားက ရိုက်ကူးခဲ့တဲ့ ပုံလေးပါ..။အုံ.မှိုင်း စိမ်းစိုနေတဲ့မြို.ရွှေဝယ်ရဲ.အလှတခုပါ....။

Thursday, July 30, 2009

ကိုရင်

မြန်မာပြည်က အနုပညာလက်ရာလေးတခုပါ....။ကြည့်ရတာ အတော်လေးအသက်ဝင်မှုရှိပါတယ်...။

Tuesday, July 28, 2009

ဘီလူး

ဗိုလ်တထောင်ဘုရား အတွင်းရှိ မင်းသားကြီးကျော်ဟိန်း လှူဒါန်းထားသော အသိ-သတိ ကြေးသွန်းဘုရားကြီး နဘေးမှ ဘီလူးရုပ်ထုပါ...။

Saturday, July 25, 2009

my portrait shot

မျက်နှာတွင်ဘာမှ မလိမ်းချယ်ဘဲ သဘာဝ အတိုင်း လျှပ်တပြက် ရိုက်ကူးထားတဲ့ ပုံတူတခုပါ...။

lovely smile

ရွန်းလဲ့ ရဲ. ချစ်စရာကောင်းတဲ့ အမူအရာလေးတခုပါ.....။