Friday, September 18, 2009

အမှတ်တရ သီတင်းကျွတ်

သီတင်းကျွတ်တော့မည်...ဒီအချိန်သည် ထားဝယ်တွင် အစည်ကားဆုံး ကာလတခုဆိုလျှင်မမှားပေ..။ ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ ထားဝယ်မြို.ခံလူထုတို.သည် အလှူအတန်းရက်ရောကြသည်..။ စည်ကားလှတဲ့ အလှူပွဲများကို သီတင်းကျွတ်လပြည့်နေ.မှစကာ ဘုန်ကြီးကျောင်းများအနှံ. တွေမြင်နိုင်သည်.။
ငယ်ငယ်တုန်းက သီတင်းကျွတ်မီးထွန်းပွဲ သုံးရက်လုံးလုံး စက်ဘီးတွင် မီးဆင်ကာ သူငယ်ချင်းများနှင့် ထားဝယ်
မြို.အနှံ.လျှောက်လည် ခဲ့တာလေးတွေကိုပြန်လည် သတိရမိတယ်..။ မေ့မရနိုင်တဲ့ ကလေး ဘ၀ကပုံရိပ်တချို.ပါ..။ အခုအချိန်မှာဒါတွေပြန်မရနိုင်တော့ပါ..။အရွယ်လေးရောက်လာပြန်တော့လည်း ထုံးစံအတိုင်း အပေါင်းအသင်းတွေနဲ.ဆိုင်ကယ်တ၀ီဝီနဲ.ပေါ့..။ အခုတော့ သပိတ်မျှောပွဲကြီးနဲ.လည်းလွဲခဲ့ရတဲ့နှစ်တွေကမနည်းတော့..။ တန်ဆောင်တိုင်ပွဲနဲ.လည်း အခါခါလွဲခဲ့ရတာမနည်းတော့..တနှစ်နှစ်တော့ ကြုံလိမ့် အုံးမည် ထင်ပါသည်..။ထားဝယ်မြို.မှ သီတင်းကျွတ် မီးထွန်းပွဲကို လည်းလွမ်းတယ်..
ဆွမ်းတော်ကြီးတင်ပွဲတွေကိုလည်း သတိရတယ်.... သပိတ်မျှောပွဲကြီးကိုလည်း ပြေးမြင်ယောင်တယ်.....

Saturday, September 12, 2009

ရွှေတောင်စားစေတီတော် (ထားဝယ်)


ရွှေတောင်စားစေတီတော် အား ပြုပြင်မွန်းမံမှုတွေ ပြုလုပ်နေပါတယ်...။နောက်လည်း ပြုပြင်မွန်းမံမှုတွေ အများကြီးလုပ်ဖို. လိုအပ်နေပါတယ်...။

Thursday, September 10, 2009

ထားဝယ်တန်ဆောင်တိုင်ပွဲတော် ( နှစ်ကျိပ်ရှစ်ဆူ )

ထားဝယ် နှစ်ကျိပ်ရှစ်ဆူဘုရားပွဲ နှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ယခုနှစ်တွင် တမူထူးခြားစွာကျင်းပပြုလုပ်မည်ဟုကြားသိရသည်..။ မည်သို.ကျင်းပမည် ဆိုသည်ကိုတော့ ဂေါပကအဖွဲ.ထံမှ တိကျသော သတင်းမရရှိသေးပါ..။ သို.သော် ဘုရားလှည့်အပူဇော်ခံရာလမ်းကြောင်း တချို.ကိုတော့ တိုးချဲ.ထားကြောင်း ကြားသိရကြောင်းပါ...။တိုးချဲ.ထားသော လမ်းများမှာ အနောက်မြို.တွင်းလမ်းနှင့် နိဗ္ပာန်လမ်း တို.ဖြစ်ကြောင်းပါ......။

Tuesday, September 8, 2009

ထားဝယ် မိသားစု အလှူ ( အမေရိကန် )

အမေရိကန်နိုင်ငံ ပြည်နယ် အသီးသီးတွင် အခြေချနေထိုင်ကြသော ကျွန်တော်တို.ထားဝယ်သူ/သားများစုပေါင်းကာ ထားဝယ်ဒေသရှိ ဗုဒ္ဓဘာသာနှင့် ပက်သက်သောနေရာများ/ပရဟိတလုပ်ငန်းများ တွင်မိမိတို.၏ ချွေးနဲစာဖြင့် တတ်အားသမျှ လှူဒါန်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ခြောက်နှစ်ပြည့်ခဲ့ပါပြီ..။ ၂၀၀၄ခုနှစ်မှစတင်ကာ ၀ါသနာတူလူငယ်တစုမှ စတင်ပြီး "အမေရိကန်ရောက်ထားဝယ် မိသားစု" ဟုခေါင်းစဉ်တပ်ကာ လှူဒါန်းခဲ့ပါသည်..။ မကြာခင်အချိန်တွင် ဆဌမအကြိမ်မြောက် လှူဒါန်းရန်အတွက် အလှူငွေများကို ကောက်ခံထားပြီးဖြစ်ပါသည်...။ လှူဒါန်းပြီးငါးကြိမ်တွင် အမေရိကန်ဒေါ်လာ ၈၂၀၀ ကို လိုအပ်နေသော နေရာများတွင် အသီးသီးခွဲဝေကာ လှူဒါန်းခဲ့ပြီးဖြစ်ပါသည်..။ အလှူငွေများထည့်ဝင် လှူဒါန်းထားသော အလှူရှင်များကို နှစ်စဉ်နှစ်တိုင်း ရှင်းတမ်းများကို စာရင်းပြုစု၍ ပေးပို.ပါသည်။အလှူငွေများထည့်ဝင် လှူဒါန်းထားသော အလှူရှင်များကို အထူးကျေှးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါသည်..။

Monday, September 7, 2009

ကန်တော်ကြီး


ရွှေတိဂုံစေတီတော် နှင့် ကန်တော်ကြီးရေပြင်အား ကရ၀ိတ်ဘက်မှ ရိုက်ကူးထားသည်။