Monday, August 10, 2009

ရွှေဝယ်မြေမှာ နှစ်ရက်တာ

ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ.က အဲယားမန္တလေးလေကြောင်းလိုင်းဖြင့် ရွှေဝယ်မြေကို အလည်ခဏ ရောက်ခဲ့တယ်။
ခဏမှတကယ့်ကိုခဏပါပဲ။နှစ်ရက်ပဲကြာခဲ့ပါတယ်။ထားဝယ်မြို.ရဲ. သည်းထန်လှတဲ့မိုးကြောင့် ဘယ်နေရာမှစုံလင်အောင် မရောက်ခဲ့ပါ...မောင်းမကန်ခဏသွားဖို. သူငယ်ချင်းတွေနဲ.သေချာချိန်းထားပြီးမှကပ်ကာလွဲခဲ့ရသည်...ရှင်မုတ္ထီးဘုရားနှင့်ရွှေသာလျောင်း ဘုရားလောက်ပဲသွားနိုင်ခဲ့တယ်...ထုံးစံအတိုင်းလ္ဘက်ရည်ဆိုင်ထိုင်ကာ အချိန်ဖြုံးရင်းနဲ.ပဲ နှစ်ရက်တာအချိန်ဟာ ကုန်ဆုံးခဲ့တယ်...။ ဇူလိုင်လ တစ်ရက်နေ.မှာထားဝယ်မြေမှ ထွက်ခွာခဲ့တယ်...လေယဉ်ကွင်းချိန်းက မနက် ကိုးနာရီ... မနက်ပိုင်းလေးပဲခဏတာ နေရတော့မယ်ဆိုတော့ စိတ်ထဲမှာ ၀မ်းနည်းသလိုလို အရာအားလုံးကိုပဲ လွမ်းဆွေးသလိုလို နဲ. စိတ်ထဲမှာမွှန်းကြပ်နေခဲ့တယ်.... ခဏနေတော့ ထားဝယ်ဆန်းဖွား ရုံးခွဲက လေယဉ်အချိန်နောက်ကို နှစ်နာရီရွှေ.ထားကြောင်း ဖုံးဆက်အကြောင်းကြားလာသည်...။ အော်...နောက်နှစ်နာရီလောက် ထားဝယ်မှာဆက်နေရအုံးမှာဘဲ လို.စိတ်ထဲမှာဝမ်းသာသွားတယ်..ဒီအချိန်မှာပဲ သူငယ်ချင်းနှစ်ယောက် လာခေါ်လို. မာကျူရီမှာ ဆက်ထိုင်ဖြစ်တယ်...။ နေ.လည် နှစ်နာရီ ခွဲလောက်မှာ လေယာဉ်က လေဆိပ်မှစတင် ထွက်ခွာခဲ့တယ်... လေယာဉ်ပေါ်စထိုင်လိုက်ကတည်းက စိတ်တွေလွင့်မျောနေခဲ့တယ်....

No comments:

Post a Comment