Friday, November 6, 2009

ဆဌမအကြိမ်မြောက် ပရဟိတအလှူ

ဆဌမအကြိမ်မြောက် အမေရိကန်ရောက် ထားဝယ်မိသားစုအလှူကို နိုဝင်ဘာလ ၅ရက် ကြာသပတေးနေ. မနက်ပိုင်းတွင် ရတနာမာန်အောင်သီလရှင် စာသင်တိုက်တွင် ပင့်သံဃာ များနှင့် သီလရှင်များအား နေ.ဆွမ်းလှူဒါန်းပြီး နေ.လည်ပိုင်းမှ စတင်ကာ ပရဟိတဘုန်ကြီးပညာသင် ကျောင်းငါးကျောင်းအပါအ၀င် ဗုဒွ့ဘာသာနှင့် သက်ဆိုင်သော နှစ်စဉ်လှူမြဲ နေရာများတွင် အလှူငွေများကို သွားရောက်လှူဒါန်းခဲ့ ပြီးဖြစ် သည်။ ယခုနှစ်မှာတော့ ထားဝယ်တွင် ဆောက်လုပ်ဆဲဖြစ်သော ဇီဝိတဒါန မျက်စိ ဆေးရုံ အတွက်ပါလှူဒါန်း နိုင်ခဲ့ပါသည်။ ယခုနှစ် အတွက်လှူဒါန်းငွေ စုစုပေါင်းမှာ မြန်မာကျပ် နှစ်ဆယ့်တစ်သိန်းရှစ်သောင်း (၂၁၈၀၀၀၀)
ဖြစ်ပါသည်။ နောင်လာမည့်နှစ်တွင်လည်း ယခုထက် ပိုလှူဒါန်းနိုင်ရန် မျှော်လင့်ပါသည်...။

No comments:

Post a Comment