Friday, September 18, 2009

အမှတ်တရ သီတင်းကျွတ်

သီတင်းကျွတ်တော့မည်...ဒီအချိန်သည် ထားဝယ်တွင် အစည်ကားဆုံး ကာလတခုဆိုလျှင်မမှားပေ..။ ပွင့်လင်းရာသီရောက်လာသည်နှင့်အမျှ ထားဝယ်မြို.ခံလူထုတို.သည် အလှူအတန်းရက်ရောကြသည်..။ စည်ကားလှတဲ့ အလှူပွဲများကို သီတင်းကျွတ်လပြည့်နေ.မှစကာ ဘုန်ကြီးကျောင်းများအနှံ. တွေမြင်နိုင်သည်.။
ငယ်ငယ်တုန်းက သီတင်းကျွတ်မီးထွန်းပွဲ သုံးရက်လုံးလုံး စက်ဘီးတွင် မီးဆင်ကာ သူငယ်ချင်းများနှင့် ထားဝယ်
မြို.အနှံ.လျှောက်လည် ခဲ့တာလေးတွေကိုပြန်လည် သတိရမိတယ်..။ မေ့မရနိုင်တဲ့ ကလေး ဘ၀ကပုံရိပ်တချို.ပါ..။ အခုအချိန်မှာဒါတွေပြန်မရနိုင်တော့ပါ..။အရွယ်လေးရောက်လာပြန်တော့လည်း ထုံးစံအတိုင်း အပေါင်းအသင်းတွေနဲ.ဆိုင်ကယ်တ၀ီဝီနဲ.ပေါ့..။ အခုတော့ သပိတ်မျှောပွဲကြီးနဲ.လည်းလွဲခဲ့ရတဲ့နှစ်တွေကမနည်းတော့..။ တန်ဆောင်တိုင်ပွဲနဲ.လည်း အခါခါလွဲခဲ့ရတာမနည်းတော့..တနှစ်နှစ်တော့ ကြုံလိမ့် အုံးမည် ထင်ပါသည်..။ထားဝယ်မြို.မှ သီတင်းကျွတ် မီးထွန်းပွဲကို လည်းလွမ်းတယ်..
ဆွမ်းတော်ကြီးတင်ပွဲတွေကိုလည်း သတိရတယ်.... သပိတ်မျှောပွဲကြီးကိုလည်း ပြေးမြင်ယောင်တယ်.....

No comments:

Post a Comment