Tuesday, September 8, 2009

ထားဝယ် မိသားစု အလှူ ( အမေရိကန် )

အမေရိကန်နိုင်ငံ ပြည်နယ် အသီးသီးတွင် အခြေချနေထိုင်ကြသော ကျွန်တော်တို.ထားဝယ်သူ/သားများစုပေါင်းကာ ထားဝယ်ဒေသရှိ ဗုဒ္ဓဘာသာနှင့် ပက်သက်သောနေရာများ/ပရဟိတလုပ်ငန်းများ တွင်မိမိတို.၏ ချွေးနဲစာဖြင့် တတ်အားသမျှ လှူဒါန်းခဲ့သည်မှာ ယခုနှစ်ဆိုလျှင် ခြောက်နှစ်ပြည့်ခဲ့ပါပြီ..။ ၂၀၀၄ခုနှစ်မှစတင်ကာ ၀ါသနာတူလူငယ်တစုမှ စတင်ပြီး "အမေရိကန်ရောက်ထားဝယ် မိသားစု" ဟုခေါင်းစဉ်တပ်ကာ လှူဒါန်းခဲ့ပါသည်..။ မကြာခင်အချိန်တွင် ဆဌမအကြိမ်မြောက် လှူဒါန်းရန်အတွက် အလှူငွေများကို ကောက်ခံထားပြီးဖြစ်ပါသည်...။ လှူဒါန်းပြီးငါးကြိမ်တွင် အမေရိကန်ဒေါ်လာ ၈၂၀၀ ကို လိုအပ်နေသော နေရာများတွင် အသီးသီးခွဲဝေကာ လှူဒါန်းခဲ့ပြီးဖြစ်ပါသည်..။ အလှူငွေများထည့်ဝင် လှူဒါန်းထားသော အလှူရှင်များကို နှစ်စဉ်နှစ်တိုင်း ရှင်းတမ်းများကို စာရင်းပြုစု၍ ပေးပို.ပါသည်။အလှူငွေများထည့်ဝင် လှူဒါန်းထားသော အလှူရှင်များကို အထူးကျေှးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုပါသည်..။

No comments:

Post a Comment